ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်မည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်အား လိုက်ပါပို့ဆောင်

(၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်မည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်ပါ ပို့ဆောင်ခဲ့ပြီး လေဆိပ်ဧည့်ခန်းမဆောင်တွင် အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။