ဟောင်ကောင် ကုန်ထုတ်လုပ်ငန်း စွမ်းအားမြှင့်တင်ရေးကောင်စီ၌ မြန်မာနိုင်ငံ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပ

(၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

ဟောင်ကောင် ကုန်ထုတ်လုပ်ငန်း စွမ်းအားမြှင့်တင်ရေးကောင်စီ(Hong Kong Productivity Council-HKPC) ၌ မြန်မာနိုင်ငံ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ(Expand Your Operations in Myanmar) ကို ၁၇-၁-၂၀၁၉ ရက်၊ မွန်းလွဲ ၁၄၃၀ နာရီမှ ၁၇၃၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ အနာဂတ် အလားအလာ များနှင့် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စိတ်ပါဝင်စားသူ ဟောင်ကောင်လုပ်ငန်းရှင် ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲအား ဟောင်ကောင်ကုန်ထုတ်လုပ်ငန်း စွမ်းအားမြှင့်တင်ရေးကောင်စီ (Hong Kong Productivity Council-HKPC)၊ Bank of China (Hong Kong) နှင့် ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Hong Kong Trade Development Council-HKTDC) တို့မှ ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်စက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်း (Federation of Hong Kong Industries)၊ ဟောင်ကောင် တရုတ် တင်ပို့သူနှင့် တင်သွင်းသူများအသင်း (The Hong Kong Importers’& Exporters’ Association)၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပံ့ပိုးရေးစင်တာ (Support and Consultation Centre for SMEs) တို့မှလည်း ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရပါသည်။