အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၃၀-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး H.E. Mr. Szilveszter Bus အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်၊ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားရေးကိစ္စရပ်များ၊ လယ်ယာစိုက်ပျိုးရေး၊ နည်းပညာ၊ ပညာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။