အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၅-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား ၂၅-၁-၂၀၁၉ ရက်၊ ၁၅၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ USAID က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကိစ္စရပ်များ၊ Peace Corps အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာ ဆရာ/ဆရာမများအတွက် အင်္ဂလိပ်စာ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရေး ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။