အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက International Labour Organization (ILO) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

(၂၅-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် International Labour Organization (ILO) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines အား ၂၅-၁-၂၀၁၉ ရက်၊ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ်သည် ILO တည်ထောင်မှု နှစ် (၁၀၀) ပြည့်မြောက်သည့်နှစ် ဖြစ်သည့် အတွက် အခြား ILO အဖွဲ့ဝင်နိုင်ငံများနည်းတူ ILO ရာပြည့်အထိမ်းအမှတ် အခမ်းအနားများ မြန်မာနိုင်ငံတွင် ကျင်းပရေးကိစ္စ၊ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာဆိုင်ရာ ဥပဒများ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရေးတွင် ILO နှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်နေသည့်ကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် ILO ကွန်ဗင်းရှင်းများအား ပိုမို အတည်ပြု ပါဝင်ရေးကိစ္စနှင့် မြန်မာနိုင်ငံဆိုင်ရာ ILO country programme အား အကောင်အထည်ဖော်ရေး ကိစ္စတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။