အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-နယူးဒေလီ ကော်မတီအစည်းအဝေးသို့ တက်ရောက်

(၂၂-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဒုတိယအတွင်းဝန် ဦးကောင်းဖြိုးဝင့်နှင့်အတူ ၂၂-၁-၂၀၁၉ ရက်တွင် နယူးဒေလီမြို့၊ ဘရူနိုင်းနိုင်ငံသံရုံး၌ ကျင်းပသည့် အာဆီယံ-နယူးဒေလီ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ဆောင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများ၊ အစည်းအဝေးများနှင့် ရှေ့ဆက်ဆောင်ရွက်ရန် ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးက အာဆီယံ-နယူးဒေလီကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးထံသို့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။