အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး Shri Saurabh Kumar အား ညစာဖြင့် တည်ခင်းဧည့်ခံ

(၂၁-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီးတို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး Shri Saurabh Kumar အား ၁၇-၁-၂၀၁၉ ရက်တွင် ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဘင်္ဂလားဒေ့ရှ်-မြန်မာဌာနမှ တွဲဖက်အတွင်းဝန် Shri. Vikram Doraiswami နှင့်ဇနီး အပါအဝင် ဘင်္ဂလားဒေ့ရှ်-မြန်မာဌာနမှ တာဝန်ရှိသူများနှင့် ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။