အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ လစ်သူရေးနီးယား နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၆-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ လစ်သူရေးနီးယားနိုင်ငံ သံအမတ်ကြီး H.E. Ms. Ina Marčiulionytė အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား Foreign Office Consultation (FOC) ဆွေးနွေးပွဲ ကျင်းပသွားရေး၊ ပညာရေးကဏ္ဍ၊ နေရောင်ခြည်စွမ်းအင် သုံးစွဲမှုကဏ္ဍ၊ e-Government နှင့် ဆိုင်ဘာလုံခြုံရေးကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။