နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၆-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် စွမ်းအင်ကဏ္ဍတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။