BIMSTEC Ambassadors’ Panel သို့ မြန်မာသံအမတ်ကြီး တက်ရောက်ဆွေးနွေးခဲ့ခြင်း

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀-၈-၂၀၁၈ ရက်နေ့က အိန္ဒိယနိုင်ငံ၊ FICCI အဖွဲ့မှ ဦးစီး၍ Federation House ၌ ကျင်းပခဲ့သော BIMSTEC Ambassadors’ Panel သို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာသံအမတ်ကြီးသည် BIMSTEC ဒေသတွင်းနိုင်ငံများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။