နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ၂၀၁၈ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

(၂၅-၇-၂၀၁၈ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ၂၀၁၈ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ဝ၉:၀ဝ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အောင်သပြေပင်ကို စိုက်ပျိုးပေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန အကြီးအကဲများနှင့် ဝန်ထမ်းများက ပိတောက်၊ ကံကော်နှင့် အခြားအရိပ်ရ နှစ်ရှည်ပင်များကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။