နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၃-၇-၂၀၁၈ ရက် (သောကြာနေ့)၊ နေ့လယ် (၁၄:၀၀) နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရုံးအမှတ်(၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ တက်ရောက် ချီးမြှင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ ကျောင်းသား စုစုပေါင်း (၂၃၉) ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူ (၅)ဦး၊ ရိုးရိုးအောင်မြင်သူ (၇)ဦးတို့အား ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့အပြင် ကျောင်းသား/ ကျောင်းသူ အားလုံးကို ပညာသင်ထောက်ပံ့ကြေးအပြင် ကျောပိုးအိတ်၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များကိုလည်း ပံ့ပိုးထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်