The activities of the 50th Anniversary of the Founding of ASEAN

အာဆီယံတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်ခဲ့မှုများ (၈-၈-၂၀၁၇ ရက်နေ့၊ နေပြည်တော် နှင့် ရန်ကုန်မြို့။)

အာဆီယံတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန အသီးအသီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့မှ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်မှုများအား သြဂုတ်လ(၁) ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အထိမ်းအမှတ်အခမ်းအနားများအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၁-၈-၂၀၁၇ ရက်နေ့တွင် စုပေါင်းဂုဏ်ပြု လမ်းလျှောက် ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၅-၈-၂၀၁၇ ရက်နေ့တွင် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် စုပေါင်းအလှပြ စက်ဘီးစီးနင်းခြင်း၊ ဝဏ္ဏသိဒ္ဓိ Sports Complex ရှိ အားကစားကွင်းများ၌ မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ၇-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌ အာဆီယံရိုးရာ အကပြိုင်ပွဲ “ASEAN Traditional Dance Competition” ကျင်းပပြုလုပ်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၈-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ အာဆီယံအမှတ်တံဆိပ်နှင့် အာဆီယံ နှစ်(၅၀) ပြည့် အထိမ်းအမှတ် တံဆိပ်တို့အား မီးဆလိုက်ထွန်းခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

အာဆီယံတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများအား မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။