President accepts credentials of the Ambassador of the Republic of Cuba

Naypyitaw, February 21, 2018

H.E. Mr. Hector Conde Almeida, the newly-accredited Ambassador of the Republic of Cuba to the Republic of the Union of Myanmar, presented his Letter of Credence to U Htin Kyaw, President of the Republic of the Union of Myanmar, at Presidential Palace, Nay Pyi Taw at 2:30 pm yesterday.

Present on the occasion were Union Minister for International Cooperation U Kyaw Tin and Director-General U Thant Sin of the Protocol Department.

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကျူးဘားသမ္မတနိုင်ငံသံအမတ်ကြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားသမ္မတ နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟက်တာ ကော်န်ဒီ အယ်လ်မေးဒါးသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။